“သားဖြစ်သူကို ပီယာနိုတီးတာသင်ပေးနေတဲ့ မေမေသဉ္ဇာနွယ်ဝင်း”

အိမ်ထောင်ပြုပြီးနောက် အနုပညာအလုပ်တွေရပ်နားကာ မိသားစုကိုအချိန်ပေးရင်း သာယာတဲ့မိသားစု ဘဝကိုထူထောင်နေတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ သားဖြစ်သူကို ပီယာနိုတီးတာသင်ပေးနေတဲ့အကြောင်းကို “သားသားကိုသင်ပေးနေတာ power on offကိုပြောပါတယ် သားသားနဲ့သမီးကိုစသင်လို့ရတာနဲ့ဆရာခေါ်ပြီးသင်ပေးမယ်” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

အိမ်ထောင်ရေးကံကောင်းလို့ ပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်တွေထဲတစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီးချောသဉ္ဇာနွယ်ဝင်းကတော့ ခင်ပွန်းဖြစ်သူ ရဲ့ အချစ်တွေနဲ့ အေးချမ်းပျော်ရွှင်နေတဲ့ သူမကအိမ်ထောင်သက်တမ်း မကြာသေးခင်မှာပဲ သားလေး တစ်ယောက်ရခဲ့ပါတယ်။ အမေတူသမီးချောလေးကိုတော့ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် မွေးဖွားခဲ့ပြီး သားသားလေးကို (၂၀၁၇)ခုနှစ် နိုဝင်ဘာလ ထဲမှာ မွေးဖွားခဲ့တာဖြစ်ပြီး ချစ်သမီးလေးကိုတော့ (၂၀၁၉) နိုဝင်ဘာလမှာ မွေးဖွားတာဖြစ်လို့ သားရောသမီးလေးရောက နိုဝင်ဘာလမှာ ထူးဆန်းတိုက်ဆိုင်စွာ မွေးဖွားထားတာလည်းဖြစ်ပါတယ်။ သာယာတဲ့ မိသားစုလေး ထူထောင်ကာ အနုပညာအလုပ်တွေကို ရပ်နားခဲ့တဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာ သားသားလေး ကျော်မျိုးမြင့်(ခ)Peach Lay နဲ့အတူ မကြာသေးမီက မွေးဖွားခဲ့တဲ့ အမေတူ သမီးချောလေး သဉ္ဇာမျိုးမြင့် တို့ရဲ့ မိခင်ကောင်းတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုရရှိထားပါတယ်။အိမ်ထောင်ကျပြီးသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သူမကိုအရမ်းချစ်ပြီးဂရုစိုက်တတ်တဲ့ ခင်ပွန်းကောင်းကို ရရှိခဲ့တာကြောင့် အိမ်ထောင်ရေးကံကောင်းသူပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ အိမ်ထောင်ရေးကံကောင်းလို့ ပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်တွေထဲတစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီးချောသဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာ သားသားလေး ကျော်မျိုးမြင့်(ခ)Peach Lay နဲ့ သမီးချောလေး သဉ္ဇာမျိုးမြင့် တို့ကို မိခင်တစ်ယောက်ရဲ့ ဖြစ်စချေင်တဲ့ဆန္ဒတွေနဲ့ ပီယာနို တီးသင်လို့ရချိန်ကြရင် ဆရာခေါ်ပြီသင်ပေးမှာတဲ့နော်။

Source: Thinzar Nwewin
DarDar-CeleGabar