သစ်တံခါးဆရာတော်ဘုရားနဲ့အတူ အလှူအတန်းတွေပြုပြီး ကုသိုလ်ယူလိုက်တဲ့ စံရတီမိုးမြင့်

သရုပ်ဆောင် စံရတီမိုးမြင့်က အနုပညာလောကမှာ နာမည်အတော်အသင့် ရထားပြီးဖြစ်သလို အားပေးသူ ပရိသတ်တွေလည်း များစွာ ရှိပါတယ်။ ကြိုက်မယ့်သူတွေ ဝိုင်းဝိုင်းလည်နေပေမဲ့ လိုချင်တဲ့ ချစ်သူပုံစံမျိုးကို စိတ်ရှည်ရှည် စောင့်နေတယ်ဆိုတဲ့ စံရတီမိုးမြင့်က ချစ်တတ်လွန်းအားကြီးလို့ single ဖြစ်နေတာပါ။

လက်ရှိအချိန်မှာ မဂ္ဂဇင်း cover နဲ့ ကြော်ငြာတွေ ရိုက်ကူးနေတဲ့ စံရတီမိုးမြင့်က Ah-Boy နဲ့ ပြတ်ပြီးနောက်ပိုင်းမှ ပိုပိုပြီး လှလာတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ အမြဲကြိုးစားနေသလို ပတ်ဝန်းကျင်အတွက် အချစ်တွေ ဝေမျှနေတဲ့ စံရတီမိုးမြင့်က ဘာသာရေးဘက်ကို ဦးစားပေးလုပ်ကိုင်လာပါတယ်။

ချစ်သူများနေ့မှာ ပန်းစည်းပေးရင် ဘုရားလှူမယ်ဆိုတဲ့ စံရတီမိုးမြင့်က နတ်လူသာဓုခေါ်စေမယ့် ကုသိုလ်ထူးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အနုပညာရှင်တွေအားလုံးရဲ့ ကိုးကွယ်ရာ ဘုန်းဘုန်းဖြစ်တဲ့ သစ်တံခါးဆရာတော်ဘုရားကြီးနဲ့အတူ ဇီဝိတဒါန သံဃာ့ဆေးရုံလှူဒါန်းပွဲမှာ ပါဝင်ပြီး အတူတူ ကုသိုလ်ယူဖြစ်ခဲ့ပုံကိုတော့ စံရတီမိုးမြင့်က ပရိသတ်ကြီးသိအောင် ခုလို ပြောပြထားတာပါ။

“သစ်တံခါး ဆရာတော် ဘုရားကြီးနဲ့ အတူ ဇီဝိတဒါန သံဃာ့ဆေးရုံ လှူဒါန်းပွဲမှာ ဆေးရုံအတွက် အလှူငွေနဲ့ အတူ သံဃာအပါး ၃၅၀ ကို လှူဒါန်းကာ ကုသိုလ် အတူပြုခဲ့ရသော ကောင်းမှုကံတို့ကြောင့် မြင်သူကြားသူ မှန်သမျှ ထပ်တူထပ်မျှ ကုသိုလ်ရကြပါစေ။ ဤကုသိုလ်သည် နိဗ္ဗာန်သို့ ရောက်ကြောင်းတွက် အထောက်အပံ့ ဖြစ်ပါစေသား” ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားခဲ့တာပါ။

မွေးရာပါ ရုပ်ချောတဲ့ စံရတီမိုးမြင့်ကတော့ ကိုယ့်ကိုယ်ကိုယ်အတွက်ပဲ အချိန်ပေးရင်း ကုသိုလ်ကောင်းမှုများစွာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စံရတီမိုးမြင့်ရဲ့ အလှူပုံရိပ်တွေကိုတော့ ပရိသတ်ကြီး သာဓုခေါ်နိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။