မိန်းမတွေကိုလိမ်ရင် နောက်ဆုံးမှာ လိမ်တဲ့ယောကျာ်းတွေပဲ နောင်တရရကြတာပါ../

ယောကျာ်းတွေအများစုဟာ တစ်ခုခုဆို သူတို့ချစ်သူ၊ အိမ်ထောင်ဖက်မသိအောင် လုပ်လိုက်မဟဲ့ဆိုပြီး လိမ်တတ်၊ ဘတ်တတ်ကြပါတယ် …။

သူတို့ ဒီလိုလိမ်တာကိုလည်း မိန်းမတွေမသိနိုင်ဘူးလို့ ထင်ပြီး သူတို့ကိုယ်သူတို့ အဟုတ်ကြီး ထင်နေတတ်ပါတယ် …။

တကယ်တမ်းတော့ မိန်းမတွေဆိုတာ လိမ်ဖို့ဘတ်ဖို့လုံးဝမလွယ်တဲ့သူတွေပါ။ သူတို့ကို လုံးဝမလိမ်သင့်ဘူးဆိုတာ ဒီအကြောင်းရင်းတွေ ကြောင့်ပဲ ဖြစ်ပါတယ်

(၁) လူကိုကြည့်လိုက်ရုံနဲ့အမှန်ပြောနေတာလား လိမ်နေတာလားသိနိုင်တယ်

သင့်ရဲ့ချစ်သူ ဒါမှမဟုတ် ဇနီးက သင့်အပေါ် သံသယစိတ်နဲ့တစ်ခုခုကိုမေးလာတဲ့အခါ လိမ်ပြောဖို့မစဉ်းစားပါနဲ့။ သူတို့တွေ သံသယဝင်တယ်ဆိုကတည်းက သင့်မှာသံသယဖြစ်စရာအနေအထားမျိုးတွေတွေ့နေရလို့ဖြစ်ပြီး..။

ပါးစပ်ကနေထုတ်မေးလာပြီဆိုရင် သူတို့မှာ သိထားတာတစ်ခုခုရှိနေလို့လည်းဖြစ်နိုင်ပါတယ်။

ပြီးတော့ သင်စကားတစ်ခွန်းပြောလိုက်တာနဲ့ သင့်ရဲ့လေသံနဲ့စကားလုံးအသုံးအနှုန်းကိုကြည့်ပြီး သင်လိမ်နေတာလား၊အမှန်ပြောနေတာလားဆိုတာ တန်းသိနိုင်ကြပါတယ်..။

(၂) မိန်းမတွေက မကောင်းတဲ့အငွေ့အသက်တွေကိုခံစားနိုင်တယ်

ယောကျာ်းတွေက အရာရာကို အမှုမဲ့အမှတ်မဲ့နေတတ်ပြီး ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်တဲ့အချိန်မှာ မိန်းမတွေက ကိုယ့်အလုပ်အပြင် ပြင်ပကအနေအထားတွေကိုလည်း အမြဲမပြတ်သတိထားမိနေတတ်ပါတယ် ..။

ဒါကြောင့် သူတို့ဘေးကလူတွေမှာ ဘာတွေအပြောင်းအလဲဖြစ်နေလဲဆိုတာကို အကဲခတ်နိုင်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့အငွေ့အသက်တွေကို ပိုပြီး ခံစားသိနေနိုင်ပါတယ် …။

(၃) သင်တစ်ခုခု အမှားလုပ်ထားရင် အလိုလိုသိနေတယ်

ကိုယ့်ပတ်ဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့အနေအထားတစ်ခု၊ အဲ့ဒါကလည်း မကောင်းတဲ့အရာတစ်ခုဖြစ်နေတယ်ဆိုတာကို ခံစားသိနိုင်တာကြောင့် သူတို့ချစ်သူ၊ အိမ်ထောင်ဖက် မဟုတ်တာတစ်ခုခုလုပ်ထားလား၊ ဒါမှမဟုတ် အဆင်မပြေမှု၊ပြဿနာတစ်ခုခု ကြုံနေရလားဆိုတာ အလိုလို သိနေတတ်ပါတယ် …။

(၄) သူတို့သိသမျှ အားလုံးကို ထုတ်မပြောဘူး

မိန်းမတွေဟာ သူတို့ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ပတ်သက်လို့ အမြဲမပြတ်သတိရှိနေတတ်ပြီး စိတ်ထဲမှာသံသယဝင်လာတာနဲ့ သူတို့သိချင်တာကို မသိရမချင်း စုံစမ်းတတ်ကြပါတယ် …။

တစ်ခုခုသိလာရင်လည်း အဲ့ဒါကို ထုတ်မပြောတတ်ဘဲ သူတို့နည်းသူတို့ဟန်နဲ့ ဖြေရှင်းတတ်ကြပါတယ်။ နောက်ဆုံး ဘယ်လိုမှမတတ်နိုင်တော့မှသာ ထုတ်ပြော တတ်ကြတာပါ …။

ဒါကြောင့် ယောကျာ်းတွေဟာ မိန်းမတွေကို ဘာမှမသိပါဘူးကွာ ဆိုပြီး လိမ်ဖို့ဘတ်ဖို့ မစဉ်းစားပါနဲ့။အဲ့လိုလိမ်ပြီးရင် နောက်ဆုံးမှာ နောင်တရတာက ယောကျာ်းတွေပဲ ဖြစ်နေတတ်လို့ပါပဲ …။ ။

written by PP