“Joox မှာ နံပါတ် (၁)နေရာကို ဒုတိယအကြိမ်ပြန်လည် သိမ်းပိုက်ထားတဲ့ ‘တကယ်လို့’ သီချင်းလေး”

eleGabar ပရိသတ်ကြီးရေ မိုရီဆာကီဝင်း (အဝင်း)နဲ့ Hirahara Ayaka တို့သီဆိုထားတဲ့ “တကယ်လို့”သီချင်းလေးက ဒီတစ်ပတ် Joox ရဲ့ နံပါတ်(၁)နေရာလေးမှာရပ်တည်နေပါတယ်။ဒီသီချင်းလေးကတော့ “အိပ်မက်တွေမိုးထားတဲ့ အိမ်”ရုပ်သံဇာတ်လမ်းတွဲကြီးမှာ ဇာတ်ဝင်တေးအနေနဲ့ ပါဝင်တဲ့သီချင်းလေးတစ်ပုဒ်လေးလည်း ဖြစ်ပါတယ်။

ဒီသီချင်းလေးကိုတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးအဆိုတော်ဖြစ်တဲ့ Hirahara Ayaka ရေးစပ်ထားတဲ့ သီချင်းလေးကို မြန်မာတေးရေးဆရာ လင်းထက်က မြန်မာဘာသာနဲ့ စာသားကို ဘာသာပြန်ပြီး မြန်မာသီချင်းလေးအဖြစ် ဖန်တီးထားတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်ကျော် ဖေဖော်ဝါရီလ (၃)ရက်နေ့မှာတော့ ဒီသီချင်းလေးဟာ Joox ရဲ့ နံပါတ်(၁)နေရာကို ရရှိထားခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာတော့ နံပါတ် (၂)နေရာကို ရောက်ရှိခဲ့ပါတယ်။

သို့ပေမဲ့လည်း ဒီတစ်ပတ်မှာတော့ နံပါတ်(၁)နေရာလေးကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဒုတိယအကြိမ် Joox ရဲ့ နံပါတ် (၁)နေရာကို သိမ်ပိုက်ထားနိုင်ခဲ့ပြန်တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေအကုန်လုံးလည်း မိုရီဆာကီဝင်း (အဝင်း)နဲ့ Hirahara Ayaka တို့သီဆိုထားတဲ့ “တကယ်လို့”သီချင်းလေးကိုနားထောင်ဖူးမယ်ထင်ပါတယ် ပရိသတ်ကြီးတွေရော ကြိုက်နှစ်သက်မှုရှိရဲ့လား။

Chilli – CeleGabar
Source – JOOX Myanmar