ကြီးကျယ်ခမ်းနားလှတဲ့ Surprise ကြီး လုပ်ပေးလိုက်ပြန်တဲ့ စမိုင်းလ်ရဲ့ ခင်ပွန်း

လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာလောကထဲကို ခြေချခဲ့တဲ့ မင်းသမီး သရုပ်ဆောင် စမိုင်းလ်ကိုတော့ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်လောက်မှာပါ။ စမိုင်းလ်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ပရိသတ် အားပေးမှု ရထားတဲ့ သူ တယောက်ဖြစ်သလို လက်ရှိမှာလည်း သူ့ရဲ့ ကျော်ကြားမှုကတော့ ကျမသွားသေးတဲ့ အပြင် ပိုလို့တောင် အားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်ပြီးတော့ မလုပ်တော့ပေမယ့်လည်း သူ့အနေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို အချိန်ပေးရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ စမိုင်းလ် ကတော့ သူ့ကို အရမ်းချစ်ပြီး တန်ဖိုးထားတဲ့ ခင်ပွန်းတယောက်ကို ပိုင်ဆိုင်ထားပြီး တယောက်နဲ့ တယောက်ရဲ့ ချစ်ခြင်းအားဖြင့် Surprise လုပ်တဲ့ အခိုက်အတန့်လေးတွေကလည်း ပရိသတ်တွေကြားမှာ အားပေးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း စမိုင်းလ်ကိုတော့ ခင်ပွန်းဖြစ်သူက Surprise အကြီးကြီးလုပ်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ ခင်ပွန်းကတော့ ကြီးကျယ်ခမ်းနားလှတဲ့ Surprise ကိုပြုလုပ်ပေးခဲ့ပြီး စမိုင်းလ်ကြိုက်ရတဲ့ Idiots Band ကို ငှားပြီးတော့ Surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းလေးကိုတော့ စမိုင်းလ်က ” တစ်နေကုန်ကားပိတ်စိတ်ညစ် သူငယ်ချင်းတွေမလာ သူ့ကိုစပရိုက်လုပ်ဖို့ငှါးထားတဲ့ band ကအချိန်မှီမလာနိုင်ဘူးဆိုပြီးပွဲဖျက်လို့ စိတ်အရမ်းညစ်ပြီးငိုချင်နေတာ တစ်ကယ်တော့ကိုယ့်ကိုသူက စပရိုက်လုပ်ဖို့တမင် အကုန်လိုက်ဖျက်နေတာ ခုမှသိတယ် စမိုင်းလ် Smile အကြိုက်ဆုံး Band တကယ်တော့ကိုယ်က သူ့အကြိုက်ဆုံး band ကိုငှါးပေးထားတာကို သူကပြန်ငှါးပြီးကိုယ်ငှါးတာကိုစပရိုက်ပြန်လုပ်” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံ နှစ်ယောက်ကတော့ တယောက်ကို တယောက် အမြဲတမ်းလိုလို Surprise တိုက်နေတာ ဖြစ်ပြီး ဒီလိုအကြောင်းအရာတွေကြောင့်လည်း ပရိသတ်တွေက ပိုအားပေးပြီး သူတို့ မိသားစုလေးကို အားကျနေကြတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း သူတို့နှစ်ယောက်ရဲ့ ရိုနေမှုကြီးကို ကြည့်ပြီး အားကျမိကြမယ်လို့ ထင်ပါတယ်။