လူအုပ်ကြီး အနံ့ပေါင်းစုံ အမျိုးအစား အစုံတဲ့ အမှိုက်တွေ ဆယ်ယူ သိမ်းနေတဲ့အချိန် အာ့အနီးတစ်ဝိုက် နေထိုင်သူတွေက သူတို့နဲ့ မဆိုင်သလို ရေချိုးမပျက်

ကျနော်တို့ လူအုပ်ကြီး အနံ့ပေါင်းစုံ အမျိုးအစား အစုံတဲ့ အမှိုက်တွေ ဆယ်ယူ သိမ်းနေတဲ့အချိန် အာ့အနီးတစ်ဝိုက် နေထိုင်သူတွေက သူတို့နဲ့ မဆိုင်သလို ရေချိုးမပျက် သူတို့အလုပ် သူတို့လုပ်မပျက် ပြီးတော့ ရပ်ကြည့် နေကြတာကို မြင်ရတော့ သိပ်မကြာ ဒီမြောင်းကြီးက ဒီလိုပဲ ပြန်ဖြစ်လာမှာပါလားလို့ တွေးမိပါတယ်။

အခုရှင်းတာ ဒုတိယ အကြိမ်လေ တတိယ အကြိမ် အခုလိုကြီး မဖြစ်ဖို့ ဆိုတာက ဒီအနီးတစ်ဝှိုက်မှာ နေထိုင်တဲ့ လူတွေအပေါ် မူတည်ပါတယ်။ ပြီးတော့ အိမ်သာကျင်းမတူးပဲ မြောင်းထဲ ပိုက်သွယ်ပြီး အလွယ်နည်း သုံးတာတွေ မြင်ခဲ့ရတယ်။

ကျနော် တို့ ဘယ်လောက်ပဲ လုပ်လုပ် ဒီအနီးအနားလူတွေရဲ့ သိတတ်မှု ပူးပေါင်းပါဝင်မှု မရှိရင် ဒီလို လုပ်ဆောင်မှုက ထိရောက်မှာ မဟုတ်ဘူးလို့ပဲ သုံးသပ်ပါရစေ။

Credit – လူခေး