“ခွဲစိတ်မှုအကြိမ်ကြိမ်ပြုလုပ်ပြီးနောက် လှလားလို့မေးလာတဲ့ နေခြည်ဦး”

ရုပ်ရှင်မင်းသမီးတစ်လက်အနေနဲ့ရော Beauty Blogger တစ်ယောက်အနေနဲ့ပါ အောင်မြင်အခိုင်အမာရရှိနေတဲ့ မင်းသမီးချောနေခြည်ဦးကတော့ သူ့ရဲ့ ပင်ကိုယ်သဘာဝအလှကို စိတ်တိုင်းကျမှုမရှိတာကြောင့် ခွဲစိတ်ပြုပြင်မှုတွေအကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ခွဲစိတ်မှုအကြီးဆုံးဖြစ်တဲ့ ရင်သားနဲ့ မေးရိုးခွဲစိတ်မှုကိုပြုလုပ်ခဲ့ကာ အလှကြီးလှလာတာလည်းဖြစ်ပါတယ်။

နေခြည်ဦးကတော့ (၂၀၁၈)ခုနှစ်မှာတော့ ကိုရီးယားနိုင်ငံသွားကာ နှာခေါင်းနဲ့မျက်ရစ်ကိုခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပြီး ယခုနှစ်ထဲမှာတော့ ကိုရီးယားနိုင်ငံမှာပဲ ရင်သားနဲ့ မေးရိုးကိုခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးကတော့ ခွဲစိတ်မှုတစ်ခုပြုလုပ်တိုင်း အမြဲတမ်း ပရိသတ်တွေကိုမျှဝေပေးနေကြဖြစ်တဲ့ အတွက် ဒီတစ်ခေါက် သူမရဲ့ ခွဲစိတ်မှုကရော ဘယ်လိုအတွေ့ကြုံတွေနဲ့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို သူမရဲ့ ရင်သားနဲ့မေးရိုးခွဲစိတ်မှု ပထမဆုံးနေ့ အတွေ့ကြုံလေးတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို သူမရဲ့ Youtube ကနေတဆင့် ပရိသတ်တွေကို ပြန်လည်မျှဝေပေးထားပါသေးတယ်။ဗီဒီယိုကို အပိုင်း (၃) ပိုင်းခွဲပြီး ပရိသတ်တွေကိုမျှ ဝေပေးသွားမှာဖြစ်တဲ့အတွက် နောက်ထပ် ခွဲစိတ်ပြီး အတွေ့ကြုံတွေနဲ့ ခံစားချက်တွေကိုလည်း နောက် ဗီဒီယိုတွေမှာ ဆက်လက် ဖော်ပြသွားမယ်လို့လည်းသိရပါတယ်။

ပရိသတ်ကြီးရေ ပင်ကိုယ်သဘာဝအလှကို စိတ်တိုင်းကျမှုမရှိတာကြောင့် ခွဲစိတ်ပြုပြင်မှုတွေအကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့ နေခြည်ဦးကတော့ လက်ရှိခွဲစိတ်ပြုပြင်ထားတဲ့ ရင်သားနဲ့ မေးရိုးခွဲစိတ်မှုကိုပြုလုပ်ပြီးနောက် ပရိသတ်တွေကို “လှလား” လို့ မေးထားပါတယ်နော်။ ပရိသတ်ကြီးရေ ခွဲစိတ်မှုအကြိမ်ကြိမ်ပြုလုပ်ပြီးနောက် မင်းသမီးချော နေခြည်ဦး တစ်ယောက်ရဲ့ ပြောင်းလဲလာတဲ့အလှတရားကို ဘယ်လိုထင်ကြလဲ။